Pages

Monday, July 20, 2015

Windows OS/ Mac OS အတွက် Andy OS Android Emulator


Andy OS သည် Windows OS နှင့် Mac OS နှစ်ခုစလုံးပေါ်တွင် keyboard, mouse, screen resolution ကောင်းကောင်း, မြင်ကွင်းကျယ်ကျယ်, external controller တို့ဖြင့် applications အသုံးပြုလိုသူများ, ဂိမ်းဆော့ကစားလိုသူများအတွက် ဖြန့်ချီပေးထားသော emulator software တစ်ခုဖြစ်သည်။ Andorid ဖုန်း သို့မဟုတ် tablet ပေါ်တွင် အသုံးပြုရမည့်အတိုင်း၊ မြင်ရမည့်အတိုင်း application များ၊ ဂိမ်းများအသုံးပြုနိုင်ရန် အဓိကထားဖန်တီးထားသော software တစ်ခုဖြစ်သည်။ အခြားအသေးစိတ်များကို သိရှိနိုင်ရန် ဒီ Link ကိုနှိပ်ပါ

Andy OS emulator software ကိုအသုံးပြုခြင်းအားဖြင့်
  • Laptop, desktop အပါအ၀င် အခြား android device များနှင့်ချိတ်ဆက်ကာအသုံးပြုနိုင်သည်
  • Windows နှင့် Mac OS ကိုလည်းချိတ်ဆက်အသုံးပြုပြီး notification ပြပေးခြင်း၊ storage သိမ်းဆည်းပေးခြင်းကို ပြုလုပ်ပေးနိုင်သည်
  • Windows သို့ Mac OS browser များမှတဆင့် android application များ download လုပ်ပြီး Andy OS ထဲသို့ထည့်သွင်းအသုံးပြုနိုင်ပါသည်
  • Android applications များအမြဲ up to date ရှိအောင်စီစဉ်ပေးသည်
  • မိမိတို့ ကြိုက်အနှစ်သက်ဆုံး android applications များကို desktop ပေါ်တွင်ထားရှိပေးထားသည်
  • Download နှင့် installation မှာ တစ်သက်တာ အခမဲ့ဖြစ်သည်
  • Storage အတွက် cloud storage ကိုအသုံးပြုနိုင်ပြီး phone ကို game controller အဖြစ် computer နှင့် ချိတ်ဆက်အသုံးပြုနိုင်သည်
  • English ဘာသာ စကားအပါဝင် တရုတ်၊ ပြင်သစ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အီတလီ တို့အပြင် ဘာသာစကား အမျိုးပေါင်း (၄၀) ကျော်ထောက်ပံပေးနိုင်သည်

Andy OS for Windows OS
Price- အခမဲ့
RAM- 3GB
Disk Space- 10 GB
OS Version Requirement- Windows 7 နှင့် အထက်
Download Link- Andy OS for Windows

Andy OS for Mac OS
Price- အခမဲ့
RAM- 3GB
Disk Space- 10 GB
OS Version Requirement- 10.8 နှင့် အထက်
Download Link- Andy OS for Mac OS

No comments:

Post a Comment