Pages

Thursday, July 23, 2015

သီချင်းသံစဉ်သိရုံဖြင့် online ပေါ်တွင် သီချင်းနာမည်ရှာနည်း

ယခုပြမည့် website guide သည် သီချင်းနာမည်မသိသော်လည်း သံစဉ်၊ တီးလုံး သိရုံဖြင့် သီချင်းနာမည်ဖော်ပြပေးမည့် website ဖြစ်သည်။ သို့သော် ဤ website ၏ feature ကိုအသုံးပြုနိုင်ရန် မိမိတို့၏ laptop နှင့် browser ထဲတွင် Adobe Flash နှင့် Flash Plugin သွင်းထားရန်လိုပါသည်။ ယခု website ၏ search feature ကိုအသုံးပြုခြင်းမှာ အခမဲ့ဖြစ်သည်။

1. ပထမဆုံး http://www.midomi.com ကိုသွားပါ။
2. 'Studio' ဆိုသည့် link ကို နှိပ်ပါ။
3. အပေါ်ဆုံး banner မှ 'Click and Sing or Hum' ဆိုသည့် button ကိုနှိပ်ပါ။

4. ဖော်ပြပါပုံ အတိုင်းပေါ်လာလျှင် 'Allow' ဟူသည် အစိမ်းအမှန်ခြစ်နှင့် ပုံကိုနှိပ်ပါ။

5. ထိုနောက် မိမိရှာလိုသည့် သီချင်း စာသား၊ သံစဉ်၊ တီးလုံး အား သီဆိုပေးခြင်းဖြင့် မိမိ လိုချင်သည့် သီချင်းနာမည်ကိုရှာနိုင် ပြီဖြစ်သည်။ Recording သွင်းပြီးလျှင် 'Click to stop' ဟုပြထားသော button ကိုနှိပ်၍ မိမိ၏ recording file အား အလိုအလျောက် upload လုပ်ပေးသွားမည်ဖြစ်သည်။

6. Upload လုပ်ပြီးလျှင် တူညီသော search result တွေ့လျှင် ဖော်ပြပါပုံအတိုင်းပြသပေးမည်ဖြစ်သည်။

7. Search result မတွေ့လျှင် ဖော်ပြပါပုံအတိုင်းတွေ့မည်ဖြစ်သည်။

No comments:

Post a Comment