Friday, June 26, 2015

On 11:00 AM by Unknown   1 comment

Razor cortex သည် ဂိမ်းဆော့ရာတွင် အရာရာ အဆင်ပြေချောမွေ့ရန် အတွက် အဓိက ရည်ရွယ်ကာ Razor Gaming/ Razor Electronics မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ အလုပ်လုပ်ပုံမှာ ဂိမ်း၏ fps(frame per second) ကိုတိုးမြှင့်ကာ PC ၏ graphic စွမ်းဆောင်ရည်ကို ဂိမ်းဆော့နေစဉ်အတွင်း မြှင့်တင်ပေးခြင်းဖြစ်သည်။ ထို့ပြင် game center တစ်ခုအဖြစ် ဂိမ်းအားလုံးကို တစ်စုတစ်စည်းထဲ ထားနိုင်ပြီး in-game recording or screen shooting လည်းပါဝင်ပါသည်။
ထို့အပြင် video record လုပ်လျှင်လည်း frame အကန့်အသတ်မရှိ၊ watermark များမပါဘဲလုပ်နိုင်သည်။ ထို recording များကို facebook နှင့် youtube ပေါ်တွင်လည်းပြန် share လုပ်နိုင်သည်။ Razer cortex သည် Microsoft ၏ မည်သည့် Windows တွင်မဆို ထည့်သွင်း အလုပ်လုပ်နိုင်ပြီး အင်္ဂလိပ် ဘာသာ အပါအ၀င် ဘာသာစကား (၁၀) မျိုးအထိ ဖော်ပြနိုင်ပါသည်။ Razer cortex သွင်းရန် လိုအပ်သော အနည်းဆုံး system requirementsများမှာ 300 MHz processor, 256 MB of RAM နှင့် 75 MB of free hard disk space တို့ဖြစ်ပါသည်။
Razor Cortex ၏အခြား feature များကိုအသုံးပြုရန် account တစ်ခု register ရယူပြီး log-in လုပ်ကာအသုံးပြုနိုင်သည်။ ထို့ပြင် Razor Cortex အား download လုပ်ခြင်း၊ အသုံးပြုခြင်းမှာ free ဖြစ်သည်။

Razor Cortex အား download ရယူရန်:
Download Link
Official Razor Website



1 comment: