Monday, July 13, 2015

On 12:13 AM by Unknown   No comments
အခုတစ်ခေါက်ပြပေးမယ့် tutorial ကတော့ online ပေါ်မှာ မိမိတို့စာသင်ခန်းထဲက notes တွေ၊ Assignment တွေကို PDF format အနေနဲ့ online မှာငွေရှာလို့ရတဲ့နည်းတစ်နည်းဘဲဖြစ်ပါတယ်။ ဒီ tutorialကိုလုပ်ဖို့အတွက် PayPal အကောင့်တစ်ခုတော့လိုအပ်ပါလိမ့်မယ်။

1. မိမိရဲ့ browser မှတဆင့် 'http://www.notesale.co.uk' ကိုသွားပါ။
2. ပုံတွင်ပြထားသည့်အတိုင်း 'Sell Notes' ဆိုသည့် button ကို click လုပ်ပါ။
3. မိမိရောင်းချလိုသော PDF file အား upload လုပ်ပါ၊ မိမိ၏ PDF file အားကိုယ်စားပြုပေးမည့် subject အမျိုးအစားအားရွေးချယ်ပေးပြီး PDF file အတွက်ခေါင်းစဉ်တစ်ခုပေးပြီးလျှင် မိမိ PDF file ၏ အကြောင်းအရာကိုအကျဉ်းချုံရေးပေးလိုက်ပါ။ လိုအပ်သည့် အချက်အလက်များဖြည့်စွက်ပြီးလျှင် 'Next' button ကို click လုပ်ပါ။
4. ယခုအခါသင်သည် PDF file အတွက်ဈေးနှုန်းသတ်မှတ်ပေးရမည်။ ဈေးသတ်မှတ်ပေးပြီးလျှင် 'These notes are mine to upload and sell' ဆိုသည့် check box အား check လုပ်ပါ။ ထိုနောက်အောက်ဆုံးတွင်ရှိသော box တွင် 'Create Account' ဟုသော button အား click လုပ်ပေးပါ။
5. Sign Up page ပေါ်လာလျှင် နာမည်၊ email၊ password တို့အားဖြည့်စွက်ပါ။ Email ဖြည့်သောအခါမိမိ၏ PayPal account အတွက်အသုံးပြုထားသော email ကိုသာသုံးပါ။ ကျန်သည့် information များမှာမဖြည့်လည်းရပါသည်။ ဖြည့်စွက်ပြီးလျှင် 'I agree to terms and conditions of Notesale' ဘေးမှ check box ကို check လုပ်ပါ။ check လုပ်ပြီးလျှင် 'Finish upload' ဆိုသော button ကိုနှိပ်ပါ။

6. သင်သည်ယခုအခါ PDF file အား NoteSale ၏ဈေးကွက်ထဲတွင်ထုတ်ရောင်းလိုက်ပြီဖြစ်သည်။ သင်၏ PDF file ပိုရောင်းရန် အခြား online forum များတွင်လည်း link ကို share ပြီးကြေငြာရောင်းချနိုင်သည်။
NoteSale Account ထဲမှရောင်းရငွေကို PayPal အကောင့်ထဲသို့လွှဲပြောင်းခြင်း
1. ယခုအဆင့်သည်ရောင်းရငွေများကိုငွေထုတ်ယူသည့်အခါ မိမိ PayPal account ထဲတွင်ရောက်ရှိလာရန်ဖြစ်သည်။ အပေါ်ဆုံးညာဘက်၏ 'Account Details' box ထဲမှ 'My Account' ဟုရေးထားသော Link ကိုနှိပ်ပါ။
2. 'Withdraw Funds' ဟုရေးထားသော link ကိုနှိပ်ပါ။
3. မိမိထုတ်ယူလိုသော ငွေပမာဏ ကိုရိုက်ထည့်ပြီး 'Deposit in PayPal to e-mail address' ကိုရွေးပါ။ ပြီးလျှင် 'Withdraw Funds' ကိုနှိပ်ပါ။
ဒီလိုဆိုရင် သင်ရှာထားသော NoteSale အကောင့်မှငွေများအား သင်၏ PayPal အကောင့်ထဲသို့လွှဲပြောင်း ထားပေးသည် ကိုတွေ့ရမည်ဖြစ်သည်။

0 comments:

Post a Comment